တောင်ကြီး  ၁၅   မတ်             

 

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (ကိုဗစ်-၁၉)ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေလှူဒါန်းခြင်းကို မေလ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ လှူဒါန်းပွဲတွင် တောင်ကြီး၊ အောင်ပန်း၊ ကလော၊ ရပ်စောက် တေဇကျောင်းဆင်း ညီနောင် အရာရှိ (၄၃)ဦးတို့မှ လှူဒါန်းသည့် အလှူငွေကျပ်(၁၅)သိန်း ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ လက်ခံရယူ၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)