တောင်ကြီး ၁၅ ဇွန်
ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဆေးဖျန်းမော်တော်ယာဉ်နှင့် ပစ္စည်းများလှူဒါန်းခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက ရှမ်းပြည်နယ် အစိုးရရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှူဒါန်းပွဲတွင် ပန်းဆေးပြည်သူ့စစ်ဌာနေအဖွဲ့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ Mask ၁၀၀၀ ၊ PPE ကာကွယ်ရေး ဝတ်စုံ ၁၀၀၊ ဆရာဝန်သုံး ကာကွယ်ရေးမျက်မှန် အလက် ၁၀၀ ၊ ပိုးသတ်ဆေးရည်ငါးဂါလန်ပုံး ၂၀၊ မီးသတ်ရေသယ် ဆေးဖျန်းမော်တော်ယာဉ် အမျိုးအစား Forland (၁)စီး ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများမှ လက်ခံရယူခဲ့သည်။
အဆိုပါ မော်တော်ယာဉ်နှင့် ပိုးသတ်ဆေးရည် ပုံး ၂၀ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆေးဖျန်းခြင်း လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှ ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲ့သို့ ပြန်လည်လွှဲပြောင်းပေးအပ်ရာ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးတင်မင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


