ပင်လောင်း ၇ ဇွန်

ကိုဗစ်-၁၉ အခြေအနေကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာရှိ ဒေသခံတောင်သူများ စိုက်ပျိုးထွက်ရှိသည့် သီးနှံထွက်ကုန်များကို ဈေးကွက်သို့ တင်ပို့ရောင်းချရန် အခက်အခဲဖြစ်ပေါ်လျက်ရှိရာ သမဝါယမကဏ္ဍမှ အချင်းချင်းချိတ်ဆက်၍ ကူညီဖြေရှင်းဆောင်ရွက် ပေးလျက်ရှိသည်။

သို့ဖြစ်ရာဇွန်လ (၄)ရက်နေ့တွင်  ကချင်ပြည်နယ် သမဝါယမအသင်းစုချုပ်သည် ကယားပြည်နယ် သမဝါယမအသင်းစုချုပ်နှင့် ဆက်သွယ်ညှိနှိုင်း၍ သီးနှံစိုက်ပျိုးသော တောင်သူများထံမှ ဂေါ်ဖီထုပ် အထုပ်ရေ (၆၆၀၀)အား ဝယ်ယူ၍ ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ တနိုင်း၊ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်များရှိ သမဝါယမအသင်းသားပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

MDN