လားရှိုး ၆ အောက်တိုဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ် များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေ ၆ ရက်မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ အောက်တိုဘာ ၆ ရက်တွင် အမျိုးသား ၄၆ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၅၄ ဦးတို့ကို ထပ်မံပို့ဆောင် ပေးနိုင်ခဲ့သည်။
အဆိုပါ နေရပ်ပြန်ပြည်သူ (၅၄)ဦးတို့တွင် ချင်းပြည်နယ်မှ (၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၉)ဦး၊ မကွေးတိုင်း ဒေသကြီးမှ (၇)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၂)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၄)ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (၁)ဦး၊ ရခိုင်ပြည်နယ်မှ (၂၉)ဦးဖြစ်သည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးရာတွင် မေ ၆ ရက်နေ့မှ ယနေ့အထိ နေရပ်ပြန်ပြည်သူအမျိုးသား (၁၀၆၁၇) ဦး၊ အမျိုးသမီး (၆၅၈၄) ဦး စုစုပေါင်း (၁၇၂၀၁) ဦးတို့အား လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး(ပြည်နယ်ပြန်/ဆက်)


