ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၆၀၆၉ ဦးအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် စီစဉ်ပို့ဆောင်ပေး

လားရှိုး ၂၀ မေ

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေ ရက်မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။

 

မူဆယ်မြို့၊ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာတွင် မေ ၂၀ ရက်၌  နေရပ်ပြန်ပြည်သူ အမျိုးသား ၁၈၁ ဦး၊ အမျိုးသမီး ၁၉၂ ဦး စုစုပေါင်း ၃၇၃ ဦးတို့အား စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။ အဆိုပါ နေရပ်ပြန်ပြည်သူ ၃၇၃ ဦးတို့တွင် ကချင်ပြည်နယ်မှ ()ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၆၅)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၃၄)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၂၂၅)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၃၂)ဦး၊ နေပြည်တော်မှ ()ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ()ဦးတို့ ဖြစ်ကြသည်။ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ လွှဲပြောင်းပို့ဆောင်ပေးရာတွင် မေ ရက်မှ မေ ၂၀ ရက်အထိ အမျိုးသား ၃၉၅၂ ဦး၊ အမျိုးသမီး ၂၁၁၇ ဦး စုစုပေါင်း ၆၀၆၉ ဦးတို့ကို လွှဲပြောင်းပို့ဆောင် ပေးနိုင်ခဲ့သည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် ထပ်ဆင့်လွှဲပြောင်းပို့ဆောင်ပေးရာတွင် စားသောက်နေထိုင်ရေး ကိစ္စရပ်များ၊ ကျန်းမာရေးစစ်ဆေးခြင်းများ၊ ညအိပ်တည်းခိုရေးကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ  စီစဉ်ဆောင်ရွက်ပေးခြင်းတို့ကို ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID -19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်  လားရှိုးခရိုင်နှင့် မြို့နယ် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနိူင်းမှုဌာန (တွဲဖက်ပြည်နယ်ရုံး) လားရှိုးမှ တာဝန်ရှိသူများ၊ မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ရှိသူများ၊ မြို့နယ်ပုဂ္ဂလိကယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

နန်းသန္တာဦး(ပြန်/ဆက်)