နေပြည်တော်၊  ၁၈ ဒီဇင်ဘာ 

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၇ ရက်နေ့က မိုးဗြဲကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့် ၁ လက်မခန့် ဖွံ့ဖြိုးဆဲဘိန်းစိုက်ခင်း ၄၆ ဧကခန့်အား လည်းကောင်း၊ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ပင်လောင်းမြို့နယ်၊ ပြင်သာကျေးရွာ၏ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့် သီးပွင့်ဆဲဘိန်းစိုက်ခင်း ဧက ၁၂၀  ခန့်အား လည်းကောင်း၊ လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လုံမြို့၊ ကျူပေါ်ကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခန့် အကွာ၌ အမြင့် ၁ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၅ ဧကခန့်အားလည်းကောင်း အသီးသီးဖျက်ဆီးခဲ့သည်။ 

အလားတူ ဒီဇင်ဘာလ ၁၇ ရက်နေ့က နယ်မြေခံတပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းကိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃ ဧကခန့်တို့အား ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လုံမတ်ကျေးရွာအနီး၌ အမြင့် ၄ လက်မခန့် ဖွံ့ဖြိုးဆဲ ဘိန်းစိုက်ခင်း ၃ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်းသိရသည်။ 
     
(ရဲပြန်ကြား)