တောင်ကြီး ၂၄ ဇွန်

 

ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း တိုင်းရင်းသား အခြေခံပြည်သူများ စားနပ်ရိက္ခာ အဆင်ပြေစေရန်ပြည်နယ် အတွင်းတိုင်းရင်းသားများ နေထိုင်ရာဒေသများသို့ သွားရောက်၍ စားနပ်ရိက္ခာများဆက်လက် ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်း၊ ပအိုဝ်း၊ ဓနု၊ ပလောင်တိုင်းရင်းသားများနေထိုင်သည့် ရပ်စောက် မြို့ပေါ်နှင့် ကျေးရွာများသို့သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ယင်းသို့သွားရောက်လှူဒါန်းရာတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ် စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ကမ္ဘောဇဘဏ်နာယကဦးအောင်ကိုဝင်းနှင့် အရာထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင်များသည် ရှေးဦးစွာ ရပ်စောက်မြို့ ဘုရားဖြူကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာရှိ ဓနုတိုင်းရင်းသား အခြေခံပြည်သူများအား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ်(၁၀ဝ၀ဝ)စီအား လည်းကောင်း၊ လဲမားရွာသို့ရောက်ရှိပြီး ရှမ်း၊ ပအိုဝ်း၊ တိုင်းရင်းသားအခြေခံပြည်သူများအား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ်(၁၀ဝ၀ဝ)စီတို့ အားလည်းကောင်း တိုင်းရင်းသားအခြေခံပြည်သူများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြသည်။

 

ထို့အပြင် ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းက လဲမားရွာအခြေခံပညာ မူလတန်းကျောင်းရန်ပုံငွေ အတွက်ငွေကျပ်(၁၅)သိန်း ကိုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အလားတူပြည်နယ်ဝန်ကြီး၊ ကမ္ဘောဇဘဏ်နာယကနှင့်အဖွဲ့သည် ရေဦးရွာတွင်နေထိုင်သည့်ဓနု၊ ပလောင်တိုင်းရင်းသားများအား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ် (၁၀ဝ၀ဝ)စီတို့ကိုလည်းကောင်း၊ ဝက်ကျခဲရွာနေ ဓနု၊ ပလောင်တိုင်းရင်း သားအခြေခံပြည်သူများအား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ်(၁၀ဝ၀ဝ) စီတို့ကို လည်းကောင်း၊ ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ရပ်စောက်မြို့ရန်အောင်မြေကျောင်းသို့ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆရာတော်၊ သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ လှူဖွယ် ဝတ္ထုပစ္စည်းများအား လည်းကောင်း၊ ဈေးတန်းဘုန်းကြီးကျောင်းသို့ရောက်ရှိပြီး ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

ထို့အပြင်ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းက ဈေးတန်းဘုန်းကြီးကျောင်း ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အလှူငွေကျပ်သိန်း (၂၀ဝ)ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ယင်းနောက်ရပ်စောက်မြို့ ဒေသခံရှမ်း၊ ပအိုဝ်း၊ ဓနု၊ ပလောင် တိုင်းရင်းသားအခြေခံပြည်သူများအား စားနပ်ရိက္ခာထုပ်များနှင့်ငွေကျပ် (၁၀ဝ၀ဝ) စီတို့ကို ဆက်လက်ထောက်ပံ့လှူဒါန်းခဲ့ကြသည်။

 

ကမ္ဘောဇဘဏ်သည် COVID-19 ရောဂါကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီသို့ ငွေကျပ်သိန်း(၁၀ဝ၀ဝ) မတည်လှူဒါန်းထားပြီး KBZ MS General Insurance၊KBZ Life၊Myanmar Airways International MAI နှင့် Air KBZ တို့နှင့် လက်တွဲ၍ ဖေဖေါ်ဝါရီ ၂၆ ရက်မှစတင်ကာ ယနေ့အချိန်အထိ ငွေကျပ်သိန်းပေါင်း ၄,၇၈၅၃ သိန်းပေါင်း (လေးသောင်းခုနှစ်ထောင်ရှစ်ရာငါးဆယ့်သုံး) လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။

 

ပြည်နယ် ပြန်/ဆက်

 

mdn