နေပြည်တော်၊ စက်တင်ဘာ ၂၃
(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ ဦးဆောင်စီမံ ဆောင်ရွက်မှုဖြင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ကွပ်ကဲမှုအောက် ရုံး/ရဲစခန်းများ၊ တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ ရှမ်းရိုးမ ဘိုးဘွားရိပ်သာ၌ အလှူငွေနှင့်လှူဖွယ်များ ပေးအပ်လှူဒါန်းသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ဇနီး၊ ရဲအရာရှိကြီးများ၊ ရဲအရာရှိ/ အခြားအဆင့်တပ်ဖွဲ့ဝင်များက ရှမ်းရိုးမ ဘိုးဘွားရိပ်သာရှိ ဘိုးဘွား ၁၉ ဦးကို အလှူငွေကျပ် ၁၀ သိန်းနှင့် ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်နီ၊ ဆေးဝါး၊ ခေါက်ဆွဲ၊ ကော်ဖီနှင့် မုန့်မျိုးစုံ၊ စုစုပေါင်း တန်ဖိုးငွေကျပ် (၂၄၀၇၀၀ဝိ/-) တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်