နေပြည်တော် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေး ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပသည်။
သွေးလှူဒါန်းပွဲတွင် တပ်ဖွဲ့ဝင်အရာရှိ(၉)ဦး၊ အခြားအဆင့်(၃၃)ဦး၊ စုစုပေါင်း (၄၂)ဦးက လှူဒါန်းကြရာ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး (ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး) ရဲမှူးချုပ် တင်ကိုကိုနှင့်ဇနီး ၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ကျော်နှင့်ဇနီး၊ ဦးစီးအရာ ရှိ(ပထမတန်း) ဒုတိယရဲမှူးကြီး ဝင်းသိန်းနှင့်ဇနီး၊ အမှတ်(၂)မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွန်းမြင့်၊အမှတ် (၁၄)သတင်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လှိုင်မြင့်၊ တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး နေမျိုး၊ အမှတ်(၁၈)ယာဉ်ထိန်းဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူး မိုးကျော်ဟိန်း နှင့်ဇနီး၊ အမှတ်(၁၅)မှုခင်း ရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး မင်းသောင်းဦးနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်သိန်း တို့ တက်ရောက်ကြည့်ရှု့အားပေးသည်။
ယင်းနောက် ရဲမှူးချုပ်တင်ကိုကို နှင့်ဇနီးတို့က သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များကို အာဟာရဖြည့်စွက်စာများပေးအပ်ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်သိန်းထံ သွေးအိတ်များ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အတွက် အလှူငွေ (၁၀)သိန်း၊ ရဲမှူးချုပ်နှင့် ဇနီး မိသားစုတို့က အလှူငွေကျပ်(၁၀)သိန်း၊ စုစုပေါင်းငွေကျပ် သိန်း(၂၀)ကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်