mdn

နေပြည်တော်  ၂၈    နိုဝင်ဘာ

 

 

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ သည် နိုဝင်ဘာ ၂၇ ရက်က ကောင်ထိုကျေးရွာ၏ အနောက်မြောက်ဘက် ၁မိုင်ခန့်အကွာ၌ အမြင့် ၂ ပေ ခွဲခန့် သီးပွင့်ဆဲဘိန်းစိုက်ခင်း စုစုပေါင်း ၃၅ ဒသမ ၅ ဧကခန့်နှင့် ခနွဲကျေးရွာ အနောက်တောင်ဘက် ၂ မိုင်ခွဲခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်သီးပွင့်ဆဲ ဘိန်းစိုက်ခင်း စုစုပေါင်း ၂၇ ဧကခန့် တို့အား ဖျက်ဆီးခဲ့သည်။

 

 

အလားတူ ဟိုပုံးမြို့နယ်၊ ကျောက္ကချားကျေးရွာ၏ တောင်ဘက်၃မိုင်ခန့်အကွာ၌ အမြင့်၁ပေခန့်သီးပွင့်ဆဲ ဘိန်းစိုက်ခင်းစုစုပေါင်း၁၅ဧကခန့်၊ ဖယ်ခုံမြို့နယ်၊ ဆိုင်ခွန်ကျေးရွာ အရှေ့ဘက်၁မိုင်ခွဲခန့်အကွာနှင့် အနောက်မြောက်ဘက်၃မိုင်ခန့်အကွာတို့၌ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲဘိန်းစိုက်ခင်း ၂၆ ဧကခန့်၊ ဆီဆိုင်မြို့နယ်၊ ပချားကလို့ကျေးရွာ၏ အနောက်တောင် ဘက် ၁မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခန့်သီးပွင့်ဆဲ ဘိန်းစိုက်ခင်းစုစုပေါင်း ၁၈ ဧကခန့်၊ မိုင်းပန်မြို့နယ်၊ ပန်ပိကျေးရွာအနီး၌ အမြင့် ၂ ပေခန့်သီးပွင့်ဆဲ ဘိန်းစိုက်ခင်း၁ဧကခန့်နှင့် မောက်မယ်မြို့နယ်၊ ပန်းတန်ကျေးရွာအနီး အမြင့်၂ပေခွဲခန့်သီးပွင့်ဆဲ ဘိန်းစိုက်ခင်းစုစုပေါင်း ၇ ဒသမ ၅ ဧကခန့်တို့အား သက်ဆိုင်ရာရဲတပ်ဖွဲ့များမှ အသီးသီးဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

 

ထို့ပြင် ချင်းပြည်နယ် တွန်းဇံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် အန်းလွန်းကျေးရွာ၏ အရှေ့မြောက်ဘက်၈မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ဘိန်း စိုက်ခင်း စုစုပေါင်း ၁၈ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း ရဲပြန်ကြားမှ  သိရသည်။

 

 

MDN