တောင်ကြီး၊ ၃ဝ ဒီဇင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်တွင် ဒီဇင်ဘာလ ၃ဝ ရက်နေ့ မနက်မှာ အပူချိန် ရေခဲမှတ်အောက် အနုတ် တစ် ဒီဂရီစင်တီဂရိတ် ရှိသည့်အတွက် ရေများခဲနေကြောင်း သိရပါသည်။

ပင်လောင်းမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၄၈ဝဝ)ရှိပြီး နှစ်စဉ် ဆောင်းရာသီမှာ အပူချိန်ရေခဲမှတ်အောက် ရောက်လေ့ရှိပြီး ရေများခဲကာ ယခုနှစ်တွင် ရေခဲသည်မှာ ယခင်နှစ်ထက် စောနေကြောင်း ဒေသခံ၏ ပြောပြချက်အရ သိရပါသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ မနေ့ညနေအချိန်တွင် ထုတ်ပြန်သည့် အပူချိန်များအရ ပင်လောင်းမြို့နယ်သည် အမြင့်ဆုံးအပူချိန် (24°C) ရှိပြီး အနိမ့်ဆုံးအပူချိန်ကတော့ (4°C) ရှိကြောင်း သိရပါသည်။ ယနေ့ မနက်အစောပိုင်းတွင် အဆိုပါအပူချိန်သည် ရေခဲမှတ်အောက်ရောက် သွားသည့်အတွက် ရေများခဲနေကြောင်း ဒေသခံများထံမှ သိရပါသည်။

#တောင်ကြီးသတင်းဌာနခွဲ

#MRTV