နေပြည်တော်၊ အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၇,၂၅၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၈ ရက် နံနက် ၈ နာရီတွင် ပင်လောင်းမြို့နယ်၊ ထိန်ပင်ကျေးရွာအုပ်စု၊ ပင်လောင်း-နေပြည်တော်သွားကားလမ်း၊ လိန်းလီကြိုးတံတားအနီးတွင် ပင်လောင်းမှ ပေါင်းလောင်းသို့ မောင်ဝမ်း(ခ)တဝမ်း(၂၈)နှစ် မောင်းနှင်ပြီး ခွန်ထွန်းလှိုင်(၂၉)နှစ်၊ စိုင်းကျော်ရင်(၂၆)နှစ်တို့လိုက်ပါ လာသည့် မော်တော်ယာဉ်ကိုရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇,၂၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၄ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွ ရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မွန်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)