နေပြည်တော် နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ငွေကျပ်သိန်း ၆,၃၅၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၃၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၄ ရက်နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ - နောင်ဝိုးသွားကားလမ်းတွင် ရာဇာဌေး မောင်းနှင်ပြီး ဇော်မျိုးထွေး လိုက်ပါလာသည့် AD Van မော်တော်ယာဉ်နှင့် ရဲမင်းသူ မောင်းနှင်လာသည့် AD Van မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးဖြင့် သယ်ဆောင်လာသည့် ဘိန်းဖြူပါဆပ်ပြာခွက် ၂,၆၃၅ ခွက်ဖြင့် ထည့်လျက် ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၆,၃၅၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၃၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၈ သိန်းနှင့် မြန်မာငွေကျပ် သိန်း ၁၉၀ တို့ကိုဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများသယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် အောင်ကျော်ဦး၊ ဝင်းဖြိုးအောင်၊ ဇင်ဖြိုးအောင် နှင့် မနွယ်နီလွင် တို့ ၄ ဦးကို နိုဝင်ဘာ ၂၅ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက်၌ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်