နေပြည်တော် ဇန်နဝါရီ ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများ ဆွမ်း၊ ကွမ်း အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်းလျှက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးအတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ အင်အားဖြည့် အစားအစာများကိုလည်း ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထို့သို့ထောက်ပံ့လှူဒါန်းလျှက်ရှိရာ ယနေ့တွင် တာချီလိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာခိုင်နှင့် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်မှူး၊ ဦးအောင်ခိုင်မိုးနှင့် သာသနာရေးဦးစီးဌာန၊ ခရိုင်သာသနာမှူး၊ ဦးထွန်းမောင်ကြည်တို့က တာချီလိတ်မြို့နယ်၊ ရွှေတောင်တန်း ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို သွားရောက် ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းသို့လည်းကောင်း၊ မိုင်းယောင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ မိုင်းဟန်ဘုန်းတော်ကြီးသို့လည်းကောင်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးနှင့် တာဝန်ရှိသူများက တက်ရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


