mdn

လားရှိုး        စက်တင်ဘာ        ၂၆

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ကျောက်မဲမြို့ပေါ်၌ Clean & Green Cities ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကတ္တရာလမ်းခင်းခြင်း၊ ရေမြောင်းတူးဖော်ခြင်း၊ ပလက်ဖောင်းတည်‌ဆောက်ခြင်းနှင့် မြို့အဝင်မုခ်ဦး တည်ဆောက်ခြင်း လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးတို့က လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်သည် နောင်ချိုမြို့၌ ဆောင်ရွက်လျက်ရှိသော မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်း တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးရာ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေက လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် နောင်ချိုမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးရှေ့တွင် ဆောင်ရွက်လျက်ရှိသော မြို့ဥပဓိရုပ် ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အားကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)