မိုင်းဖြတ် အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို အောက်တိုဘာလ ၁၄ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း၊ Oxygeen Concentrator (၃)ခုအား လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် နှာခေါင်းစည်း(mask) ခုရေ (၁၀၀၀၀)၊ Sugical Grown ခုရေ(၁၅၀)၊ PPEဝတ်စုံ (၂၀၀)၊ Face Shield(၂၀၀)နှင့် ပိုးသတ်ဆေး (၁၀)လီတာပါဘူး (၃၀) တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာရဲခေါင်တို့က လက်ခံရယူခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လည်းကောင်း၊ မြို့မိမြို့ဖ ဦးထွန်းရွှေက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ဒါခေါ်ရာ၌ ဒေသခံကုမ္ပဏီ လုပ်ငန်းရှင်များကို ဦးစားပေးခွင့်ပြုပေးနိုင်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)