ကျိုင်းတုံ ၂၈ ဒီဇင်ဘာ 

 
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၇ ရက် ညနေ ၃ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ ရှေးဟာင်းပါလျန်မြို့ရိုးတံခါး ဆိုင်းဘုတ်ပြုလုပ်ခြင်းအား ကြည့်ရှုစစ်ဆေးသည်။


ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ရှေးဟောင်းပါလျန်မြို့ရိုးတံခါးသည် ရှေးမူမပျက်ကျန်ရှိနေသည့်အတွက် ရေရှည်တည်တံ့ခိုင်ခံ့မှုရှိစေရန်နှင့် ရှေးမူမပျက် ပြန်လည်မွမ်းမံဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 


ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်တုံ Hyper Market (အဆင့်မြင့်ဈေး) တည်ဆောက်နေမှုအခြေအနေများ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ပြည်သူလူထုပူးပေါင်းဆောင်ရွက်သည့် ကျိုင်းတုံမြို့၊ ဈေးတန်းလေးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 


အောင်ဇင်မြင့်(ပြန်/ဆက်)