လားရှိုး ၂၉ မေ
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်း၊ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီဝင်များ၊ ပရဟိတအဖွဲများသည် ယနေ့ နံနက် ၁၀ နာရီတွင် လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆန် ၂၆ အိတ်၊ ဆီ ၈ ပုံး၊ ဆား ၃ အိတ်နှင့် ကုလားပဲ ၃ အိတ်တို့အား မန်ဆူဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ကမ္ဘောဇဘဏ်လိမိတက် နာယက ဦးအောင်ကိုဝင်းနှင့် ဇနီးမိသားစုမှ အလှူငွေကျပ် သိန်း (၁၀၀၀)အား ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လားရှိုးမြို့ မြို့တော်ခန်းမသို့ ရောက်ရှိပြီး ရှမ်းပြည်နယ် တိုက်ပွဲရှောင် စခန်း(၂၃)ခုရှိ အိမ်ထောင်စု (၁၃၁၀)အတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ပါဝင်သည့် ရိက္ခာထုပ်ပေါင်း (၁၃၁၀)၊ ဆန်အိတ် (၁၀၀၀)နှင့် ဆီပုံး(၁၀၀)၊ ဆားအိတ် (၁၀၀)၊ ကုလားပဲအိတ်(၁၀၀)တို့အား တာဝန်ရှိသူများထံ ပေးအပ် လှူဒါန်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင် အဖွဲ့သည် လားရှိုးမြို့ နောင်ဖော့ကျေးရွာအုပ်စု၊ လွယ်လွမ့်ကျေးရွာသို့ ရောက်ရှိပြီး ဒေသခံတိုင်းရင်းသား အိမ်ထောင်စု (၆၆၇)စုအတွက် ရိက္ခာထုပ် ၆၆၇ ထုပ်နှင့် ငွေကျပ်တစ်သောင်းစီအား လည်းကောင်း၊ မန်းပွဲကျေးရွာရှိ တိုင်းရင်းသား အခြေခံအိမ်ထောင်စု (၃၆၀)အတွက် ရိက္ခာထုတ် ၃၆၀ နှင့် ငွေကျပ် တစ်သောင်းစီအား လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ္ဘောဇဘဏ်လီမိတက်မှ ငွေကျပ်သိန်းတစ်ထောင် မတည်လှူဒါန်း ဆောက်လုပ်လျက်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး ဆောက်လုပ်နေမှုအား သွားရောက်ကြည်ရှုခဲ့ပြီးနောက် နမ့်မော်ဖတောရကျောင်းသို့ ရောက်ရှိကာ တောရကျောင်း အတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲအိတ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုးညွန့်ရွှေ(ပြည်နယ် ပြန်/ဆက်)


