လားရှိုး    ၃၁   ဇူလိုင်

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည်  ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရ ထောက်ပံ့ငွေ ကျပ်သိန်း(၆၀)ဖြင့် လားရှိုးစည်ပင်သာယာရေးမ ှဆောင်ရွက်နေသော လားရှိုး-သိန္နီ လမ်းဘေးရှိ အကျယ်(၃) ပေအနက် (၄)ပေခွဲအရှည် ပေ (၆၀) ရှိ လမ်းဖြတ်သံကူကွန်ကရစ် တံတား ပြုပြင် တည်ဆောက်နေမှုကိုကြည့်ရှုပြီး လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။

 

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သော လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄)အုပ်စုမှ တောင်သူ(၁၆၅)ဦးထံ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များအား အဆိုပါတောင်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ရာ နောင်မွန်ကျေးရွာမှ ပုံစံ(၇) (၈၇)ခု၊ ဆုံကွယ်ကျေးရွာအုပ်စုမှ ပုံစံ(၇) (၁၃)ခု၊ မန်းပွဲကျေးရွာမှပုံစံ(၇) (၃၃)ခု၊ ကုန်းမုံကျေးရွာမှ ပုံစံ(၇)(၃၂)ခုတို့အား ပေးအပ်ခဲ့သည်။

 

ထို့နောက် လားရှိုးမြို့နယ် ကျေးရွာအုပ်စု(၆)ခုမှ ဒေသခံပြည်သူများအတွက် အသက်(၁၈)နှစ် ပြည့် မှတ်ပုံတင်(၃၁၅)ကတ်၊ အိမ်ထောင်စုဇယား(၇၀)ခုတို့ အားပေးအပ်ရာ ဟူးမွန်ကျေးရွာမှ မှတ်ပုံတင် (၅၅)ကတ်၊ မန်ကောင်းကျေးရွာမှ မှတ်ပုံတင်ကတ် (၅၀)၊ နားနန်းကျေးရွာမှ မှတ်ပုံတင်(၆၄)ကတ်နှင့် အိမ်ထောင်စုဇယား (၁၀)ခု၊ မန်ပျဉ်ကျေးရွာမှ မှတ်ပုံတင်(၇၁)ကတ်၊ အိမ်ထောင်စုဇယား(၉)ခု၊ နောင်ဖော့ ကျေးရွာမှ မှတ်ပုံတင်(၂၀)၊ ခေးနင်းကျေးရွာမှ မှတ်ပုံတင်(၅၅)ကတ်၊ အီနိုင်းကျေးရွာမှ မှတ်ပုံတင် (၅၁)ကတ်တို့အား လည်းကောင်း၊

 

လားရှိုးမြို့ရှိ သက်ကြီးအနုပညာရှင် ဘိုးဘွား(၃၀)တို့အားလည်း တစ်ဦးလျှင်ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၂၅)ကျပ်သား၊ ကုလားပဲ(၁)ပိသာ၊ ကြက်သွန်နီ (၁)ပိသာနှင့် ငွေကျပ်(၁၀၀၀၀) တို့အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်တို့က ပြည်သူတို့၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)