မိုးနဲ မေ ၁၁

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ယနေ့နံနက်ပိုင်းက နမ့်စန်ခရိုင် မိုးနဲမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းရှိ ပြန်လည်ပြုပြင် ဆောင်ရွက်မည့် စာသင်ဆောင်ဟောင်းနှင့် တိုးချဲ့စာသင်ကျောင်းဆောင် ဆောက်လုပ်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် လင်းခေးမြို့ ပုန်းထွန် ကျေးရွာအုပ်စု ပန်ကျိုင်းကျေးရွာအနီး ဆိုလာလျှပ်စစ်စီမံကိန်း မဂ္ဂါဝပ် ၃၀ ဆောင်ရွက်မည့်နေရာနှင့် လျှပ်စစ်တာဝါတိုင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး လင်းခေးခရိုင်နှင့် မောက်မယ် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းတင်ပြ၍ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ လင်းခေးမြို့နယ် နမ့်တိန်းချောင်းပေါ်တွင် ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေရရှိရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)