ဟိုပုံး  ဇွန်  ၂၅

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် နာရီခွဲက ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။

     

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှု ထမ်းဆောင် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

 

ဆက်လက်၍ ဘုရင့်နောင်အားကစားခန်းမ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (/၂၀၂၄) သင်တန်း ဖွင့်ပွဲကိုကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းသည် နိုင်ငံသားတစ်ယောက်အတွက် ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေသည် အခြားပြည်ပ နိုင်ငံများတွင်လည်း ကျင့်သုံးလျက်ရှိပါကြောင်း၊ သင်ကြားပို့ချပေးသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာ နာယူမှတ်သားကြစေလိုကြောင်း၊ သင်တန်းကာလပြီးဆုံးပါက မိမိတို့တာဝန်ကျရာ အရပ်ဒေသ အသီးသီးတွင် တာဝန်ကျေပွန်သော တပ်မတော်သားများအဖြစ် ဂုဏ်ယူစွာထမ်းဆောင်စေလိုကြောင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ထောက်ပံ့ငွေပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူသည်။

မောင်မောင်သန်း(တောင်ကြီး)