ညောင်ရွှေ သြဂုတ် ၁၃

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် သြဂုတ် ၁၃ ရက် နံနက်ပိုင်းက တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ရှိ ဘုန်းတော်ကြီးပညာသင်ကျောင်း ထပ်အိမ်ဂူပရဟိတကျောင်းသို့ သွားရောက်ကာ နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းသော ဆွမ်းဆန်တော်နှင့် ထောက်ပံ့ငွေကျပ်၁၉၁၄၇၅၀ ကို ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေညောင်မြို့၊ တာယောစိုက်ပျိုးရေး မျိုးသန့်ခြံတွင် စိုက်ပျိုးထားသော ရွှေရင်အေး မျိုးသန့်မျိုးပွားမျိုးစေ့ စိုက်ပျိုးထားရှိမှုနှင့် နေကြာမျိုးစေ့ထုတ် ရေဆင်း (၁)စပ်မျိုး F1 စိုက်ပျိုးထားရှိမှုကို ကြည့်ရှုရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်မှူးနှင့် ခြံတာဝန်ခံတို့က ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟဲဟိုးမြို့၊ မျိုးချစ်နို့စားနွား မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုရာ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်မှူးက မွေးမြူရေးခြံတွင် နို့စားနွား(၃နှစ်အောက်)အမ ၁၂ ကောင်၊ နို့စားနွား(၃ နှစ်အထက်)အထီး တစ်ကောင်၊ အမ ၂၉ ကောင် စုစုပေါင်း ၄၂ ကောင်ရှိပြီး လက်ရှိ နို့ပေးနွားမ ၂၄ ကောင်မှ တစ်ရက်လျှင် နို့ပိဿာချိန် ၁၃၅ ပိဿာခန့် ထွက်ရှိပြီး နို့ပေါင်းစက်နှင့် နို့အေးခံစက်များဖြင့် သန့်ရှင်းလတ်ဆက်သော နို့များကို ဒိန်ချဉ်(300)ml၊ (600)ml၊ အသင့်သောက်နို့(100)mlအပြင် ထောပတ်၊ အဆီထုတ်နို့၊ နို့ခဲများကို ပြုပြင်ထုတ်လုပ်လျက်ရှိကြောင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်များ၊ တောင်ကြီးခရိုင်ရှိ မြို့နယ်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ မွေးမြူထားသော နို့စားနွားခြံ၊ နွားအစာကြိတ်စက်နှင့် နို့အေးခံစက်ရုံမှ ထွက်ရှိသော နို့ထွက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟဲဟိုးအင်းခေါင်းရွာသီးနှံ ထုပ်ပိုးစက်ရုံ Agriculture process Center တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ကျေးလက်ဒေသလမ်းဦးစီးဌာန ပင်မီဂေါက်ကလပ်မှ အိုင်းယား- ငုံးသုံ- ပေါတုပ်- ထင်းရှူးကုန်း- သစ်အယ်သစ်- တောင်ပို့လှ- နန်းရုပ်လမ်း၊ ဘော်နင်း-ဆူးပန်းအင်း- ကမ္ဘားနီ-သရက်ပု လမ်းပိုင်းတို့ကို သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး စက်ရုံအဆောက်အအုံများ၊ လမ်းဖောက်လုပ်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်ပန်းမြို့ စိုက်ပျိုးရေးသုတေသနခြံသို့ သွားရောက်ကြည့်ရှုရာ အောင်ပန်းစိုက်ပျိုးရေးသုတေသနခြံ မန်နေဂျာ ဒေါက်တာဝင်းဝင်းနွယ်က ခြံအတွင်း စိုက်ပျိုးထားသော အလားအလာ ကောင်းသော တောင်ပေါ် ယာစပါး၊ ရေဆင်းပဲပုပ်မျိုးများ၊ ရောဂါပိုးမွှား ကင်းစင်သော မျိုးအာလူး၊ စပ်မျိုးပြောင်းဖူး မျိုးသစ်များ၊ ထုတ်ဝေပြီး ဂျုံမျိုးများ ၊တစ်ဧက အကျိုးအမြတ်အများဆုံး ရရှိစေမည့် စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်း တင်ပြသည်။  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောင်ပန်း(၁၀၈) တောင်  ဘုရားသို့ သွားရောက်၍ အောင်ချမ်းသာစာသင်တိုက် နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဦးပညာဝံသအား ဖူးမြော် ကန်တော့ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပြီး (၁၀၈)တောင်ဘုရား တည်ဆောက်နေမှုအတွက် အလှူငွေကျပ် သိန်း ၂၀ ကို ဂေါပကအဖွဲထံ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)