တောင်ကြီး ၁၄ ဒီဇင်ဘာ
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ရှောင်လမ်းဖြစ်သည့် ရွှေညောင် - ထီရီ(မွေးမြူရေးဇုန်) - လင်ကွင်း - ညိုမီး (၄)မိုင် ကွေ့လမ်း (မြို့ရှောင်လမ်း) (မိုင် ၀/၀-၁၇/၄) စီမံကိန်းအား ကွင်းဆင်းကြည့်ရှုရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လင်ကွင်းကျေးရွာ ရှင်းလင်းဆောင်သို့ ရောက်ရှိလာပြီး ရှင်းလင်းဆောင်ခန်းမတွင် မြို့ရှောင်လမ်း ဆောင်ရွက်နေမှုတို့ကို ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ ရှင်းလင်းပြီး လမ်းခင်းနေမှုအား လှည့်လည်ကြည့်ရှုကြကာ အဝိုင်းပတ် (၅)လမ်းဆုံဖြစ်သည့် ဖရဲ၊ ဆင်တောင်၊ ကံကြီး၊ ညိုမီး၊ ရွှေညောင်လမ်း ဖောက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။
အဆိုပါ တောင်ကြီးမြို့ရှောင်လမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြေသားလမ်းမိုင် (၁၇/၄) ရန်ပုံငွေကျပ် သန်း (၃၃၈ ဒသမ ၆၂)၊ တံတားလုပ်ငန်းတွင် Box Culvert ပေ (၅၀) ရန်ပုံငွေကျပ်သန်း (၆၆ ဒသမ ၅၉၉) ရန်ပုံငွေ စုစုပေါင်း ကျပ်သန်း (၄၀၅ ဒသမ ၂၁၉)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာမိုင်(၅/၀)မိုင် လမ်းအနိမ့်အမြင့် ဖြေညှိခြင်း (၂/၀) ရန်ပုံငွေ ကျပ်သန်း (၉၇၇ ဒသမ ၈၉)၊ ဘေလီတံတား (၂၃၀)ပေ ရန်ပုံငွေ ကျပ်သန်း (၁၃၁ ဒသမ ၇၅၅) ရန်ပုံငွေ စုစုပေါင်း ကျပ်သန်း (၁၁၀၉ ဒသမ ၆၄၅)၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာမိုင်(၉/၀) ရန်ပုံငွေကျပ်သန်း (၁၇၉၆)၊ ရန်ပုံငွေစုစုပေါင်း ကျပ်သန်း (၁၇၉၆)နှင့် စုစုပေါင်းကတ္တရာမိုင်(၁၄/၀) မြေသားလမ်းမိုင်(၁၇/၄) လမ်းအနိမ့်အမြင့် ဖြေညှိခြင်း (၂/၀)မိုင် ရန်ပုံငွေ ကျပ်သန်း (၃၁၁၂ ဒသမ ၅၁)၊ ဘေလီတံတား ပေ(၂၃၀) Box Culvert ပေ(၅၀) ရန်ပုံငွေကျပ်သန်း (၁၉၈ ဒသမ ၃၅၄) ရန်ပုံငွေ စုစုပေါင်းကျပ်သန်း (၃၃၁၀ ဒသမ ၈၆၄)ဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့နယ် တောင်လေးလုံး၌ စည်ပင်သာယာမှ တာဝန်ယူဆောင်ရွက်နေသော ကွန်ကရစ်ကတ္တရာ ထုတ်လုပ်မည့်စက်အား သွားရောက်ကြည့်ရှုရာ တောင်ကြီးမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးနေလင်းမှ ရှင်းလင်းကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


