တောင်ကြီး ဇွန် ၄
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ် များကို ယနေ့နံနက်ပိုင်းတွင်တောင်ကြီးမြို့ ပြည်နယ် အားကစားလေ့ကျင့်ရုံ၌ ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။ (အောက်ပုံ)
ဒုတိယနေ့ပြိုင်ပွဲ အမျိုးသမီးပွဲစဉ်အဖြစ် အုပ်စု (ခ)မှ မွန်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသ ကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီ တိုင်းဒေသကြီးအသင်းက သုံးပွဲပြတ်ဖြင့်လည်း ကောင်း၊ အုပ်စု(ဂ)မှ စစ်ကိုင်းတိုင်းဒေသကြီးအသင်း နှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက သုံးပွဲပြတ် ဖြင့်လည်းကောင်း၊ အုပ်စု(ဃ)မှ ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိသွားကြသည်။
ထို့နောက် အမျိုးသားပွဲစဉ်အဖြစ် အုပ်စု(ခ)မှ မကွေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မကွေး တိုင်းဒေသကြီးအသင်းက သုံးပွဲပြတ်ဖြင့်လည်း ကောင်း၊ အုပ်စု(ဃ)မှ ဧရာဝတီတိုင်းဒေသကြီးအသင်း နှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းက သုံးပွဲ နှစ်ပွဲဖြင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင်အုပ်စု (က) မှ ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသ ကြီးအသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အုပ်စု (က)မှ ရခိုင်ပြည်နယ်အသင်းနှင့် ချင်းပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ချင်းပြည်နယ်အသင်းက သုံးပွဲ တစ်ပွဲဖြင့်လည်းကောင်း အနိုင်ရရှိ သွားကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)