မိုင်းပျဉ်း ၁၈ ဧပြီ

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဝန်ကြီးများသည် ဧပြီ ၁၇ ရက် ညနေ ၃ နာရီက ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ကုသ‌‌ရေးနှင့်ပြည်သူ့‌ကျန်းမာရေး ဦးစီးဌာနသို့ ကိုဗစ်-၁၉ ရောဂါကာကူးစက်ပျံ့နှံ့မှု မဖြစ်ပွား‌စေရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူ‌ငွေများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ပေးအပ်လှူဒါန်းရာတွင် Mask အခု (၄၀၀)၊ လက်အိတ် အစုံ (၄၀၀)၊ အပူချိန်တိုင်း ကိရိယာ(၃)ခု၊ လက်အိတ်ရှည်(၁၀)ခု၊ PPE ဝတ်စုံ(၁၀)စုံ၊ မျက်မှန်(Goggle) (၁၂)ခုနှင့် အလှူငွေ ကျပ်(၅)သိန်းတို့ကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းစိုးဟိန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

မေမွန်ထွဋ်၊ပြန်/ဆက်