ရှမ်းရွာကျေးရွာ၌ ဖုန်းအားသွင်းရာမှ အပူလွန်ကဲကာ နေအိမ်တစ်လုံး မီးလောင်ကျွမ်း

ကန်ကြီးထောင့်  ၁၂ ဖေဖော်ဝါရီ  


ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ၌ ဖေဖေါ်ဝါရီ  ၁၂ ရက်၊ နံနက်ပိုင်းက ဖုန်းအားသွင်းရာမှ အပူလွန်ကဲကာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယနေ့ နံနက် ၂  နာရီက ကန်ကြီးထောင့်မြို့၊ ရှမ်းရွာကျေးရွာနေ ဦးနိုင်ဝင်း (၄၈) နှစ်၏ နေအိမ်၌ ဖုန်းအားသွင်းထားစဉ် အပူချိန်လွန်ကဲကာ အလျား ၂၁ ပေ ၃ လက်မ အနံ ၁၇ ပေ ၈ လက်မရှိ သွပ်မိုး၊ ထရံကာ၊ ပကာကြမ်းခင်း၊ မျောတိုင် လူနေအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးလောင်မှုဖြစ်ပွားရာသို့ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေ ပြည်သူများက အနီးရှိ ချောင်းအတွင်းမှ ရေဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ကြရာ နံနက် ၂ နာရီခွဲ တွင်မီးငြိမ်းသွားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

123


မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူး လေးမြင့်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။


နန်းထိုက် (KGD)

 

123