ရှမ်းရွာသစ်    ၁၀   အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်းရှိ လမ်းများ မြို့အင်္ဂါရပ်နှင့်အညီ ရှိစေရန်နှင့် ဒေသနေ ပြည်သူများ လူနေမှုဘဝမြှင့်တင်စေရေးတို့ကို ရည်ရွယ်ပြီး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ကိုနိုဝင်ဘာလ ဒုတိယပတ်ကစတင်၍ အမှတ်(၂)ရပ်ကွက် သစ္စာလမ်းတွင် စတင်ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

 

အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေမှ တာဝန်ယူ၍ ဆောင်ရွက်လျှက်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း(၂၉ ဒသမ ၂၀)ဖြင့် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျှက်ရှိရာ အရှည် ပေ ၇၃၀ ၊ အကျယ် ၁၈ ပေ၊ ထု ၆ ပေရှိသော ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းပြီးစီးပါက ဒေသနေပြည်သူများအတွက် လမ်းပန်းဆက် သွယ်ရေးယခင်ကထက် ပိုမိုကောင်းမွန်ပြီး သွားလာရလွယ်ကူ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရှိရသည်။

 

ဇင်လေး(ပြန်/ဆက်)