ရှမ်းရွာသစ် ၃ ဇွန်
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို လစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက ကျေးလက်ကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လုပ်ငန်းတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နော်အေးအေးချိုနှင့် ဝန်ထမ်းများက ရှမ်းရွာသစ်မြို့ရှိ ကိုယ်ဝန်ဆောင်မိခင်များ ကူးစက်ရောဂါတို့မှ ကာကွယ်ရန်နှင့် ကျန်းမာရေး အသိရှိစေရန်အတွက် ကာကွယ်ဆေးများ ထိုးပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ ကျန်းမာ သန်စွမ်းသော ကလေးငယ်များမွေးဖွားရန် ကျန်းမာရေးအသိပညာပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)


