ရှမ်းရွာသစ် ၁၈ ဇန်နဝါရီ 


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဇန်နဝါရီ ၁၇ ရက် ယမန်နေ့က ခလယ်ဒေးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။


အဆိုပါပြည်သူ့စကားဝိုင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်စိုးစိုးအေးက မိမိရပ်ရွာဒေသမှာ ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို ပြည်သူများတွင် ဆွေးနွေးမှုများရှိလာစေရန်နှင့် ပြည်သူလူထု စဉ်းစားတွေးခေါ်မှုမြင့်မားလာပြီး ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ 


ထို့နောက် ပြည်သူ့စကားဝိုင်းတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောချစ်ဦးက လွှတ်တော်တွင် ဆောင်ရွက်နေသော လုပ်ငန်းများ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးမိုးထွေးက ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား ထောက်ပံ့ပေးမည့် အစီအစဉ်၊ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောက်ရွက်နေသည့် လုပ်ငန်းများ၊ ရှမ်းရွာသစ်နယ်မြေရဲစခန်းမှ ရဲအုပ်ကျော်စိုးက မူးယစ်ဆေးဝါးအကြောင်း ပြစ်မှုပြစ်ဒဏ်ဆိုင်ရာ သိကောင်းစရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမြင့်မောင်က စိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများနှင့် ရှမ်းရွာသစ်မြို့ တိုက်နယ်ဆေးရုံမှ ဒေါက်တာ စိုးပြည့်ကေသဉ္ဖလီက ကျန်းမာရေးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများကို အသီးသီးဆွေးခဲ့ကြရာ တက်ရောက်လာသော ဒေသခံပြည်သူများကို မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည် ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။


ရှမ်းရွာသစ်(ပြန်/ဆက်)