ရှမ်းရွာသစ်၊  ၃၀  ဇန်နဝါရီ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇန်နဝါရီ ၂၉ ရက်နေ့က မဲလရောကျေးရွာအုပ်စုတွင် တာဝန်ရှိသူတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ခြင်းလုပ်ငန်းတွင် ကျေးရွာအုပ်စုစာရေးနှင့် အုပ်ချုပ်ရေးမှူးတို့က  မဲလရောကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ် စုစုပေါင်း (၂၃၄)ဦး တို့အတွက် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) ပထမသုံးလပတ်အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၀၀၃၅၀၀၀)ကို လက်ဝယ်ရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။     

ဇင်လေး(ပြန်/ဆက်)