ရှမ်းရွာသစ်၊ ၂၂ ဇန်နဝါရီ
ကရင်ပြည်နယ်၊ ဘားဘံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်ပြီး ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းရွာသစ်မြို့ မဲသမူး-မဲသမူးခီးကျေးရွာချင်းဆက်လမ်းပေါ်တွင် ပေ ၃၀ အရှည်ရှိ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ၅၁ ဒသမ ၄၂၀ ကျပ်သန်းဖြင့် အရှည် ပေ ၃၀ ၊ အကျယ် ၁၇ ပေ၊ အမြင့် ၁၄ ပေရှိ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို သူမွဲထအောင်မြေကုမ္ပဏီမှ တာဝန်ယူ၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အနီးကပ်ကြီးကြပ်၍ တည်ဆောက်လျက်ရှိပြီး အဆိုပါ ကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပါက မဲသမူးကျေးရွာအုပ်စု အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတို့၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများတွင် အဘက်ဘက်မှ တိုးတက်လာမည့်အပြင် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း လုပ်ငန်းတာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
ဝေဠု (ပြန်/ဆက်)


