ရှမ်းရွာသစ် ၊ ၂ ဖေဖော်ဝါရီ
ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များ ထောက် ပံ့ငွေများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၁ ရက်က ပိုးပလေကျေးရွာအုပ်စုရှိ ခလော့ဒေးကျေးရွာတွင် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျေးရွာအုပ်စု စာရေးနှင့် အုပ်ချုပ်ရေးမှူးတို့က ထောက်ပံ့ငွေပေး အပ်ရခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပိုးပလေကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင် မိခင် ၇၉ ဦးနှင့် မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ် ၂၄ ဦး စုစုပေါင်း ၁၀၃ ဦး တို့အတွက် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) ပထမသုံးလပတ်အတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၄၄၁၀၀၀၀ ကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)


