ရှမ်းရွာသစ်  ၁၆  အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းအတွက် စာကြည့်တိုက် ဖွင့်လှစ်မှုအား ခေတ္တရပ်ဆိုင်းထားခဲ့ပြီး စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိသတ်များအတွက် Online  Page မှ ပန်းချီ၊ ဆေးရောင်ချယ်၊ စာအုပ်မိတ်ဆက်၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်း ၊ စက္ကူခေါက်ခြင်းနှင့် Talk Show ဆွေးနွေးပွဲ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိသည်။

 

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁၆)ရက် နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးအစီအစဉ်ကို ယမန်နေ့ က Online  Page မှ လွှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

၎င်းလုပ်ငန်းတွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့ နောက်ခံသမိုင်းကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဦးတည်ချက် ဆောင်ပုဒ်များ၊  မြန်မာနိုင်ငံနှင့် ကမ္ဘာ့စားနပ်ရိက္ခာနေ့၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့  အစရှိသော အကြောင်းအရာများကို အသေးစိတ်တင်ဆက်ပေးခဲ့ပြီး ၎င်းအသိပညာပေး အစီအစဉ်ကို ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက် Page နှင့် IPRD Shanywarthit Page တွင်လည်း  ဝင်ရောက် ကြည့်ရှုနိုင်ကြောင်းသိရှိရသည်။

 

ဇင်လေး(ပြန်/ဆက်)