ရှမ်းရွာသစ် ၂၂ ဇန်နဝါရီ
ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်၊ အာဟာရပြည့်ဝစွာ စားသုံးစေရန်နှင့် ကျန်းမာ သန်စွမ်းလာစေရန် ရည်ရွယ်၍ ဇန်နဝါရီလ (၂၁) ရက်က ဝါးမီးကလားကျေးရွာနှင့် ထီးဖားရက်ခီး ကျေးရွာတို့တွင် ထောက်ပံ့ငွများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် ဝါးမီးကလားကျေးရွာ အုပ်ချုပ်ရေးမှူးက ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်အတွက် ထောက်ပံ့ငွေ ပေးရခြင်း ဖြစ်ကြောင်းပြောကြားပြီး ၂၀၁၉-၂၀၂၀ ခုနှစ် အတွက်ပထမအကြိမ်အဖြစ် တစ်လလျှင် ငွေကျပ် (၁၅၀ဝ၀)ဖြင့် ကိုယ်ဝန်ဆောင်(၃၂)ဦး၊ အသက်(၂)နှစ် အောက်ကလေး (၂၉) စုစုပေါင်း (၆၁)ဦးအတွက်ငွေကျပ် (၂၇၄၅၀ဝ၀)ကျပ်ကို အိမ်တာရာ ရောက်ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ရာ ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့်(၂) နှစ် အောက်ကလေးငယ်များတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)