ရှမ်းရွာသစ် ၂ ဧပြီ
    

 

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့အတွင်းရှိ ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက် ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ လစဉ်ဆောင်ရွက်လျက်ရှိသော ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတို့မှ ဆောင်ရွက်ခဲ့သည်။

 

aa

 

ထိုသို့ ဆောင်ရွက်ရာတွင် အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ) ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာကြက်ညှာချေင်းဆိုးရောဂါ၊ ဦးနှောက်အမြှေး ရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကာကွယ်နိုင်ရန်အတွက် အသက်ပိုင်းခြားအလိုက် ကာကွယ်ဆေးများ ထိုးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့ကိုလည်း လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

 

ဝေဠု (ပြန်/ဆက်)

 

ww