ရှမ်းရွာသစ် ဩဂုတ် ၈

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဩဂုတ် ၅ ရက်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများနှင့် မိုးရေများ ဝင်ရောက်မှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ လူနေအိမ်များ၊ လယ်ယာမြေများ၌ ရေများ ဝင်ရောက်လျက်ရှိသည်။

 

တောင်ကျရေ စီးဆင်းရာမှ ချောင်းရေများ ရေလျှံပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ရှိ လယ်မြေများသို့ တောင်ကျရေများ ဝင်ရောက်လျက်ရှိရာ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က လိုအပ်သည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီပေးလျက်ရှိပြီး လူ၊ တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

 

ဇင်လေး(ပြန်/ဆက်)