ရှမ်းရွာသစ် ၇ စက်တင်ဘာ


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့်  (WOMEN CLUB)အဖွဲ့တို့ ပူးပေါင်းပြီး ပန်းကြယ်သီးထိုးနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနမှ ဒုတိယဉီးစီးမှူး ဒေါ်အေးအေးနွဲ့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သင်တန်းဆရာမ ဒေါ်သင်းသင်းက မိမိလိုချင်သည့် ပန်းကြယ်သီးပုံစံအမျိုးမျိုးရရှိရန်အတွက် အခြေခံပန်းထိုးနည်းများကို သင်တန်းသူများအား တစ်ဉီးချင်းအလိုက် လက်တွေ့ရှင်းလင်း ပြသသင်ကြားပေးခဲ့ပြီး အဆိုပါသင်တန်းသို့ (women club)အဖွဲ့မှ အဖွဲ့ဝင်တို့က လာရောက်၍ ကူညီသင်ကြားပြသပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းတွင် ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များမှ ပန်းကြယ်သီးထိုးနည်းကို စိတ်ဝင်စားသည့် သင်တန်းသူ(၁၇)ဉီးတို့အား စက်တင်ဘာလ(၇)ရက်မှ(၈)ရက်နေ့အထိ နှစ်ရက်သင်တန်းပို့ချပေးမည်ဖြစ်ပြီး ဆက်လက်၍လည်း သင်တန်းများကိုပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ရှမ်းရွာသစ်(ပြန်/ဆက်)