ရှမ်းရွာသစ်  ၊ ၄  ဖေဖော်ဝါရီ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေ ပြည်သူများ ကျန်းမာရေး အသိပညာဗဟုသုတ ရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ    ကင်းဝေးစေရန် ရည်ရွယ်၍  ယနေ့နံနက်ပိုင်းက ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင်  အသက်နှစ်နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ လုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများတို့က ကလေးငယ်များ ကူးစက် ရောဂါတို့မှ ကာကွယ်ရန်နှင့်     ကျန်းမာရေးအသိရှိစေရန်အတွက် ကျန်းမာရေးအသိပညာပေးခြင်း ကိုယ်အ လေးချိန်ချိန်ပေးခြင်း၊ အသက်နှစ်နှစ်အောက် ကလေးငယ်များအား  အသည်းရောင် အသားဝါ (ဘီ)ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး ရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက် ပိုင်းအခြားအလိုက် ပုံမှန်ကာကွယ် ဆေးများထိုးပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်ပေးမှု လုပ်ငန်းများကို  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ဝေဠု(ပြန်/ဆက်)