ရှမ်းရွာသစ်    ၁၀   အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ ကာယ၊ ဉာဏတိုးတက်စေရန်၊ ဗဟုသုတ ရရှိစေရန် အသင်းအဖွဲ့နှင့် စုပေါင်းဆောင်ရွက်တတ်စေရန်၊ ကိုယ်ပိုင်တီထွင်တတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန်နှင့် ဘာသာစကားစွမ်းရည် တိုးတက်စေရန်ရည်ရွယ်၍ စကောကရင်ဘာသာစကားဖြင့် ပုံပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ပြုလုပ်ခဲ့သည်။

 

5

 

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွဲ့က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ကျောင်းသား/သူ(၂၉)ဉီးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ရှမ်းရွာသစ်(ပြန်/ဆက်)