မတ္တရာ ၃ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒ နယ်အတွက် ဆန္ဒမဲရုံများကို အောက်တိုဘာလ ၃ရက် နံနက် ၆ နာရီအချိန်မှစတင်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်တွင် ရှမ်းတိုင်းရင်းသားလူမျိုးစုများနေထိုင်သော မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၉ အုပ်စုတွင် မဲရုံ(၁၃)ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၂၇ )ဦးရှိကြောင်းသိရပြီး ဆန္ဒမဲရုံများ နံနက် ၆နာရီမှ ညနေ ၄နာရီထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)