ရှင်ဗွေယန် ၇ နိုဝင်ဘာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့အဆင့်လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီနှင့် ဌာန ဆိုင်ရာများက နိုဝင်ဘာ  ၇  ရက် နံနက် ၁၁ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် မြို့အဆင့်လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်အောင် က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် ပြည်သူများစိတ်အေးချမ်းစွာ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ဌာနဆိုင်ရာများ မိမိတို့တာဝန်ကျသော ရပ်ကွက်/ ကျေးရွာများရှိ မဲရုံများသို့ တာဝန်ထမ်းဆောင်ရန်နှင့် ရှင်ဗွေယန်မြို့ နယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်သူထက်မှ မဲရုံလုံခြုံရေးဆိုင်ရာများ ဆွေးနွေးခြင်း လိုအပ်ပါက အချိန်နှင့် တစ်ပြေးညီ သတင်းပို့ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လင်းသွယ်ဦး(ပြန်/ဆက်)