ရှမ်းရွာသစ်   ၃၀  ဇူလိုင်

 

ကရင်ပြည်နယ်၊ ရှမ်းရွာသစ်မြို့ ရင်းဘိုင်းကျေးရွာအုပ်စုတွင် ယမန်နေ့က ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူများက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရက အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု ၁၄၃ စုအတွက် စုစုပေါင်း ငွေကျပ် ၂၈၆၀၀၀၀ ကို ရင်းဘိုင်းကျေးရွာအုပ်စုရှိ အိမ်ထောင်စုများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဇင်လေး(ပြန်/ဆက်)