ကြံခင်း ဇွန် ၁၁
မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၏ ကြံခင်းမြို့နယ်ရုံးခွဲ ဖွင့်ပွဲကို ကြံခင်းမြို့ မြို့မရပ်ကွက် လမ်းမတော်လမ်းရှိ ရုံးနေရာ၌ ဇွန် ၉ ရက်က ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဖြစ်မြောက် ရေးအဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်ခင်နှင်းညိုနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအသင်း ဖြစ်မြောက်ရေးအဖွဲ့ဝင် ဒေါ်ခင်နှင်းညိုက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအသင်း ဥက္ကဋ္ဌ ဒေါက်တာသန်းသန်းအေးက အသင်း၏ ရည်ရွယ်ချက် နှစ်ချက်နှင့် အသင်း၏ အဓိကလုပ်ငန်းစဉ် သုံးရပ်တို့ကို ရှင်းလင်းပြောကြားကာ မြို့နယ်အသင်းခွဲထံသို့ အသင်းအလံ၊ အသင်းဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း စာအုပ်နှင့် ရင်ထိုးတံဆိပ်များ ပေးအပ်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)