ဘားအံ ၄ ဖေဖော်ဝါရီ

 

ကရင်ပြည်နယ်အတွင်း ရင်ခွင်မဲ့ကလးသူငယ်များနှင့် တစ်ကိုယ်ရည်မိခင်များ ပပျောက်ရေး ရည်ရွယ်ချက်များဖြင့် ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ ဘားအံတက္ကသိုလ်၊ ဘားအံနည်း ပညာတက္ကသိုလ်၊ ဘားအံကွန်ပျုတာ တက္ကသိုလ်နှင့် ဘားအံပညာရေးကောလိပ်တို့မှ ကျောင်းသား/သူလူငယ်များအား အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၃ ရက်  မွန်းလွဲပိုင်းက ဘားအံတက္ကသိုလ်တွင် ကျင်းပခဲ့သည်။

 

mdn

 

အသိပညာပေးဟောပြောပွဲတွင် ဘားအံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ သန်းသန်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးသူငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းမှ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါ်စန်းစန်းယုက မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးသူငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းအကြောင်းကိုလည်းကောင်း အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာမြသီတာက အခြေခံ မျိုးဆက်ပွား ကျန်းမာရေးနှင့်ပတ်သက်သည့်အကြောင်း၊  ဘားအံပြည်သူ့ ဆေးရုံကြီး သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာ ချိုမာကျော်က သားဆက်ခြား နည်းလမ်းများနှင့် ပတ်သက်သည့် အကြောင်းများကို အသီးသီး အသိပညာပေး ပြောခဲ့ကြသည်။

 

mdn

 

ဆက်လက်၍ တက်ရောက်လာကြသော ဘားအံတက္ကသိုလ်၊ ဘားအံနည်းပညာတက္ကသိုလ်၊ ဘားအံကွန်ပျုတာ တက္ကသိုလ်နှင့် ဘားအံပညာရေးကောလိပ်တို့မှ ကျောင်းသား/သူလူငယ်များက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)