နေပြည်တော် ၂၃ ဇန်နဝါရီ
တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပုဂ္ဂလိကကဏ္ဍများမှ မြန်မာငွေကျပ် ၄၅ ဒသမ ၈ ထရီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းပေါင်း (၁၂၀)ကျော်ပါဝင်မည့် Invest Myanmar Summit 2019 ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2) ၌ ဇန်နဝါရီ ၂၈ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Invest Myanmar Summit 2019 ကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတို့က ပူးပေါင်းကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ နှင့် အလားအလာများကို ရှာဖွေသိရှိနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မောင်မောင်မျိုး