သတင်းဆောင်းပါး - ခင်ရတနာ

မြန်မာနိုင်ငံ၏      ပထမဆုံးနှင့်  အကြီးဆုံးသော  သီလဝါအထူးစီးပွားရေး ဇုန်၌  ရင်းနှီးမြှုပ်နှံမှုအသစ်များ  ထပ်မံ ဖိတ်ခေါ်ထားကြောင်း    သီလဝါအထူး စီးပွားရေးဇုန်မှ သိရှိရပါသည်။

“သီလဝါ    အထူးစီးပွားရေးဇုန်မှာ  ရင်းနှီးမြှုပ်နှံတဲ့အခါ အခြားနေရာတွေနဲ့ ကွာခြားမှုကို       မြင်တွေ့ခံစားရမယ်။ ထူးထူးခြားခြားကို မတူညီတဲ့အရသာ  ခံစားရမယ်”ဟု     သီလဝါအထူးစီးပွားရေး ဇုန်၏ စီမံခန့်ခွဲမှုကော်မတီက ကြေညာ ထားသည်။   သီလဝါအထူးစီးပွားရေး ဇုန်သည်  ရန်ကုန်မြို့စွန်၌  ၂၀၁၅  ခုနှစ် စက်တင်ဘာလက  စတင်လည်ပတ်ခဲ့ သည်။ စနစ်တကျတည်ဆောက်ထား သည့်   အခြေခံအဆောက်အအုံများနှင့် ကောင်းမွန်ပြီးပြည့်စုံသည့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို သီလဝါအထူးစီးပွားရေး ဇုန်၌ မြင်တွေ့ရသည်။

မြန်မာနိုင်ငံ၏အထူးစီးပွားရေးဇုန်များ

ကီလိုမီတာ ၂၈၀၀ (၁၇၅၉) မိုင်ခန့်  ရှည်လျားသည့်   မြန်မာ့ကမ်းရိုးတန်း ကြောင့်   ဒေသတွင်းကုန်သွယ်မှုတွင် ပင်လယ်ရေကြောင်းမှ    အလွယ်တကူ ဝင်ရောက်နိုင်သဖြင့်  တရုတ်၊  တောင် အာရှနှင့်   အရှေ့တောင်အာရှအကြား ကုန်သွယ်မှု      ပေါင်းကူးတံတားဖြစ် လာရန်    အလားအလာကောင်းများ  ပိုင်ဆိုင်ထားပါသည်။ ထို့ပြင် သယံဇာတ ကြွယ်ဝသည့်  နိုင်ငံဖြစ်သည့်အားလျော် စွာ သတ္တု၊ သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေး  ထွက်ကုန်၊ ရေထွက်ကုန်၊  သစ်အခြေခံ ထွက်ကုန်  စသည်ဖြင့်သဘာဝအရင်း အမြစ်ကောင်းများနှင့်    ပြည့်စုံလျက် ရှိပါသည်။  
နိုင်ငံတော်အစိုးရအနေဖြင့် လည်း         အထူးစီးပွားရေးဇုန်များ တည်ဆောက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများ ဖိတ်ခေါ်ရန်နှင့်  အထူးစီးပွားရေး ဇုန်များ  အောင်မြင်လာစေရန်   အထူး ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

ပထဝီသဘောတရားအရ   မဟာ ဗျူဟာကျသည့်   အရှေ့တောင်အာရှ ကုန်ထုတ်လုပ်မှုအခြေခံနှင့်   သယ်ယူ ပို့ဆောင်ရေးအချက်အချာ  နေရာသစ် ဖြစ်လာရန် အခွင့်အလမ်းများစွာရှိသည့် ဒေသသုံးခုတွင်    အထူးစီးပွားရေးဇုန် များကို  ဖော်ဆောင်ထားပြီးဖြစ်သည်။  ယင်းတို့မှာ သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်    အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ    အထူးစီးပွားရေးဇုန်တို့ ဖြစ်ကြသည်။    အထူးစီးပွားရေးဇုန် အများစုတွင် ရေနက်ဆိပ်ကမ်း၊ အခြေခံ အဆောက်အအုံများ၊ လမ်းပန်းဆက်သွယ် ရေးအတွက်   အဓိကလမ်းမကြီးများ ချိတ်ဆက်    ဖောက်လုပ်ထားသည်။ 
အထူးစီးပွားရေးဇုန်များသည်   ရင်းနှီး မြှုပ်နှံသူများအတွက်    အခွင့်အလမ်း များကိုပေးသည့်အပြင်    ပြည်သူများ အတွက် အလုပ်အကိုင်  အခွင့်အလမ်း များကိုလည်း    ရရှိစေသည့်နေရာများ ဖြစ်ကြသည်။

သီလဝါအထူးစီးပွားရေးဇုန်

သီလဝါ   အထူးစီးပွားရေးဇုန်သည် စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ အရှေ့ တောင်ဘက်တွင်တည်ရှိပြီး  ၂၃  ကီလို မီတာခန့်  ကျယ်ဝန်းသည်။ ၂၀၁၃  ခုနှစ် နိုဝင်ဘာလတွင်   စတင်တည်ဆောက် ခဲ့ပြီး   နိုင်ငံတကာစံချိန်စံနှုန်းများနှင့် အညီ   အခြေခံအဆောက်အအုံများကို  ဖြည့်တင်းပေးထားသည်။   ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ အထူးစီးပွားရေးဇုန် ဖြစ်ပြီး    မြန်မာ-ဂျပန်  သီလဝါဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီလီမိတက်အဖြစ် မြန်မာ၊ ဂျပန် အစိုးရများ၊ မြန်မာနှင့်  ဂျပန် ပုဂ္ဂလိကကုမ္ပဏီများက  အကျိုးတူ ပူးပေါင်း   ဖော်ဆောင်ထားခြင်းဖြစ်ပါ သည်။

ရန်ကုန်တိုင်းဒေသကြီး သန်လျင်- ကျောက်တန်းတွင် တည်ရှိ၍ ပြည်တွင်း ပြည်ပမှ ရထား၊ လေကြောင်း၊ မော်တော် ကား၊ သင်္ဘောစသည်တို့ဖြင့် လာရောက် နိုင်သကဲ့သို့   အာဆီယံအဝေးပြေးလမ်း ကွန်ရက် (AHN)  နှင့်လည်း  ချိတ်ဆက် ထားသည်။ Myanmar International Terminals Thilawa (MITT)  ဆိပ်ကမ်း သည်လည်း သီလဝါအထူးစီးပွားရေးဇုန် အနီးတွင်တည်ရှိသည်။ ထို့အတူ သီလဝါ မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့လည်း  ကီလိုမီတာ  ၃၀  ခန့်သာ ကွာဝေးသည်။

သီလဝါ     အထူးစီးပွားရေးဇုန်    စီမံ ခန့်ခွဲမှုကော်မတီသည်    ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ   ညှိနှိုင်းပေးခြင်း၊    ပူးပေါင်း ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲပေးခြင်းနှင့်   ရင်းနှီးမြှုပ်နှံမှုရရှိရေးအတွက်    ကူညီ ဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်း ကျင်ကောင်းရရှိစေရေး     အကောင် အထည်ဖော်ပေးခြင်း၊ အခြေခံအဆောက် အအုံများ ဖြည့်တင်းပေးခြင်း၊ ဝန်ဆောင် မှုများပေးအပ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအခြေ အနေများ   စောင့်ကြည့်အကဲဖြတ်ပေး ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ ကြည့်ရှုအကဲဖြတ် ခြင်း စသည့်လုပ်ငန်းများကို တာဝန်ယူ  ထားသည်။

One  Stop Service Center ၌ ဝန်ဆောင်မှုပေး

သီလဝါအထူးစီးပွားရေးဇုန်    စီမံ ခန့်ခွဲမှုကော်မတီသည် မြန်မာနိုင်ငံ အထူး စီးပွားရေးဇုန်ဥပဒေအရ One   Stop Service Center (OSSC) ကို တည်ထောင် ခဲ့ပြီး လိုအပ်သော ဝန်ဆောင်မှုများနှင့် ခွင့်ပြုချက်အားလုံးကို တစ်နေရာတည်း  ရယူနိုင်ရန်      ကုမ္ပဏီမှတ်ပုံတင်ရေး၊ အဆောက်အအုံ  ဆောက်လုပ်ရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ သဘာဝ ပတ်ဝန်းကျင်ကာကွယ်ရေး (ECPP ၊ IEE  နှင့် EIA)၊  အခွန်ကိစ္စရပ်များ၊  အလုပ် အကိုင်  မှတ်ပုံတင်ခြင်း၊ VISA နှင့်လူဝင်မှု  ကြီးကြပ်ရေးလုပ်ငန်းများ၊  အကောက် ခွန်လုပ်ငန်းများ၊    စက်ရုံလည်ပတ်မှု လိုအပ်ချက် စသည့်သက်ဆိုင်ရာအစိုးရ ဌာန ၁၂ ခုက ပူးပေါင်းကာ အမြန်ဆုံးသော  ဝန်ဆောင်မှုများပေးအပ်လျက်ရှိသည်။

ရင်းနှီးမြှုပ်နှံသူများအတွက် စီးပွား ရေးအကျိုးအမြတ်များစွာကို   ပေးစွမ်း နိုင်မည့်   သီလဝါအထူးစီးပွားရေးဇုန်၌ ဂျပန်၊ ကိုရီးယား၊  ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်း ၊  တရုတ်၊ ယူအေအီး၊ မလေးရှား၊  စင်ကာပူ၊   ဩစတြေးလျ၊   ဒိန်းမတ်၊ နယ်သာလန်၊ ဩစတြီးယား၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်း၊ ပနားမား၊ ပြင်သစ် အစရှိသည့်နိုင်ငံများမှ စီးပွားရေးလုပ်ငန်း ရှင်များနှင့် ထိုင်ဝမ်(တရုတ် တိုင်ပေ)နှင့် ဟောင်ကောင်တို့မှ  စီးပွားရေးလုပ်ငန်း ရှင်များက   ရင်းနှီးမြှုပ်နှံလျက်ရှိသည်။

The commercial and residential ဧရိယာများ၌ လူနေအိမ်များ၊ ကွန်ဒိုများ၊ ရုံးခန်းနှင့် လူနေတိုက်ခန်းများ၊  ဘဏ် များ၊ ဈေးဝယ်စင်တာများ၊ ကျန်းမာရေး စင်တာများ၊ ဟိုတယ်၊ ကျောင်း၊  အပန်း ဖြေစင်တာများ၊   စိမ်းလန်းသောနေရာ များနှင့်    အလုပ်သမားအဆောင်များ တည်ဆောက်ထားသည်။  ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများနှင့်   အလုပ်သမား များသည်   သီလဝါအထူးစီးပွားရေးဇုန် အတွင်း၌ လွယ်လင့်တကူ သက်သောင့် သက်သာစွာ  နေထိုင်လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

အခြား    စီးပွားရေးဇုန်များထက် အားသာချက်များတွင် Excellent One  Stop Service  Center ၊   ကုန်သွယ် ရေကြောင်းပို့ဆောင်ရေး    လွယ်ကူမှု၊ ပြည့်စုံသည့်လူနေမှုဘဝရရှိမှု၊ အောင်မြင် သော စက်ရုံ၊ အလုပ်ရုံများ  တည်ဆောက် နိုင်မှုနှင့်     စီးပွားရေးလုပ်ငန်းဆိုင်ရာ လိုက်နာရမည့်      ကျင့်ဝတ်များနှင့် လျော်ညီမှု၊ ထုတ်လုပ်မှုစွမ်းရည် မြင့်မား မှုစသည်တို့ကိုလည်း  ခံစားရရှိစေမည် ဖြစ်ပါသည်။       


ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးကျေးဇူးများ

သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ကင်းလွတ်ဇုန်၊  လုပ်ငန်းမြှင့်တင်ရေးဇုန် နှင့်  အခြားဇုန်များပါဝင်သည်။   အထူး စီးပွားရေးဇုန်ဥပဒေ   (၂ဝ၁၄)    အရ ကင်းလွတ်ဇုန်ကို နိုင်ငံပြင်ပတွင် တည်ရှိ သကဲ့သို့        ယူဆရမည်ဖြစ်သည်။ ကင်းလွတ်ဇုန်သည်     အဓိကအားဖြင့် ပြည်ပတင်ပို့သည့် ဈေးကွက်ကို  အဓိက ထားပြီး  ယင်းဇုန်တွင်  ကုန်ထုတ်လုပ်မှု နယ်မြေ၊ သယ်ယူထောက်ပံ့ရေးလုပ်ငန်း များနေရာနှင့်    လက်ကားရောင်းဝယ် ဖောက်ကားသည့် နေရာများပါဝင်သည်။ SEZ     အတွင်းမှ   ကုန်စည်များနှင့် ဇုန်အတွင်း တင်သွင်းသော ကုန်စည်တို့ အတွက် အကောက်ခွန်နှင့်   အခြားအခွန် ကင်းလွတ်ခွင့်များ ရရှိနိုင်သည်။ လုပ်ငန်း  မြှင့်တင်ရေးဇုန်သည်   အဓိကအားဖြင့် ပြည်တွင်းဈေးကွက်နှင့်  အထူးစီးပွားရေး ဇုန်များအတွင်းရှိ    ဈေးကွက်ပေါ်တွင် အခြေခံထားသည်။     အဆိုပါဇုန်၌ ကုန်ထုတ်လုပ်မှု၊ အိမ်ရာများ၊ ကုန်တိုက် များ၊ ဘဏ်လုပ်ငန်းများ၊ အာမခံလုပ်ငန်း များ၊    ကျောင်းများ၊    ဆေးရုံများနှင့် အပန်းဖြေနားနေရာများ    ကဲ့သို့သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်သည်။ လုပ်ငန်းမြှင့်တင်ရေးဇုန်များတွင် ပထမ ငါးနှစ်အတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ်ကျော်လွန်ပြီးနောက် ငါးနှစ်အတွက်    တည်ဆဲဥပဒေအရ   သတ်မှတ်သည့်  ဝင်ငွေခွန်နှုန်းထား၏ ၅ဝ ရာခိုင်နှုန်း   သက်သာခွင့်ရရှိပြီး ၁ဝ နှစ်ကျော်လွန် ပြီးနောက်   နောက်ထပ်   ငါးနှစ်အတွက်    သီးသန့်ရန်ပုံငွေထား၍ တစ်နှစ်အတွင်း လုပ်ငန်းတွင် ပြန်လည်ရင်းနှီးမြှုပ်နှံပါက ထိုအမြတ်အစွန်းအပေါ် တည်ဆဲဥပဒေ အရ  သတ်မှတ်ထားသည့် ဝင်ငွေခွန်နှုန်း ထား၏  ၅ဝ  ရာခိုင်နှုန်း  သက်သာမည် ဖြစ်သည်။ 

ပထမ ငါးနှစ်၌ ထုတ်လုပ်ရေးအတွက် အသုံးပြုသည့်  စက်ပစ္စည်းကိရိယာများ နှင့် အရန်ပစ္စည်းများ၊ စက်ရုံ၊ သိုလှောင်ရုံ၊ ကိုယ်ပိုင်ရုံးခန်းတို့     တည်ဆောက်ရန် ဆောက်လုပ်ရေးပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင်     အကောက်ခွန်နှင့် အခြားအခွန်အခများ ကင်းလွတ်သည်။ ထိုအရင်းအမြစ်တို့အတွက်      နောင်  ငါးနှစ်အတွင်း အကောက်ခွန်နှင့်  အခြား အခွန်စည်းကြပ်ခြင်းများမှ ၅ဝ ရာခိုင်နှုန်း သက်သာမည်ဖြစ်သည်။  ထိုတင်သွင်း သော  ပစ္စည်းများဖြင့်   ထုတ်လုပ်ထား သော ကုန်ချောပစ္စည်းများကို ပြည်ပသို့ ဖြစ်စေ၊ ကင်းလွတ်ဇုန်အတွင်းသို့ဖြစ်စေ  တင်ပို့ပါက  ပစ္စည်းများတင်သွင်းသည့် အချိန်က ပေးဆောင်ခဲ့ရသည့် အကောက် ခွန်နှင့် အခြားအခွန်အခများကို ပြန်လည်  ထုတ်ပေးရန်  လျှောက်ထားနိုင်သည်။ အထူးစီးပွားရေးဇုန်ဥပဒေတွင် ကုန်သွယ် ခွန်နှင့် တန်ဖိုးဖြည့်အခွန်တို့အား ၎င်းအခွန် များသက်သာခွင့်ပေးသည့်    ကာလ အတွင်း ကင်းလွတ်ခွင့်ခံစားနိုင်ကြောင်း သိရှိရသည်။

ကင်းလွတ်ဇုန်များတွင် ရင်းနှီးမြှုပ်နှံ ပါက အနည်းဆုံးပမာဏ USD 750000 နှင့်အထက်  ရင်းနှီးမြှုပ်နှံနိုင်ပြီး  ပထမ  ခုနစ်နှစ်အတွက်  ဝင်ငွေခွန်ကင်းလွတ်ခွင့် နှင့်   ကျော်လွန်ပြီးနောက်   နောက်ထပ်  ငါးနှစ်အတွက်      တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထား၏ ၅ဝ    ရာခိုင်နှုန်း   သက်သာခွင့်ရမည် ဖြစ်သည်။   ၁၂ နှစ်ကျော်လွန်ပြီးနောက် ငါးနှစ်အတွက် သီးသန့်ရန်ပုံငွေထား၍ တစ်နှစ်အတွင်း     ယင်းလုပ်ငန်းတွင် ပြန်လည်ရင်းနှီးမြှုပ်နှံပါက ထိုမြတ်စွန်း ငွေအပေါ် တည်ဆဲဥပဒေအရ  သတ်မှတ် ထားသည့်      ဝင်ငွေခွန်နှုန်းထား၏   ၅ဝ   ရာခိုင်နှုန်း   သက်သာခွင့်ရရှိမည် ဖြစ်သည်။ 

ကုန်သွယ်ခွန်နှင့် တန်ဖိုးဖြည့် အခွန် ကင်းလွတ်ခွင့်ရရှိကာ    ထုတ်လုပ်ရေး အတွက်  ကုန်ကြမ်းများ၊   စက်ပစ္စည်း ကိရိယာများနှင့်     အရန်ပစ္စည်းများ၊  စက်ရုံများ၊ သိုလှောင်ရုံများနှင့် ကိုယ်ပိုင် ရုံးခန်းများကဲ့သို့သော   အဆောက်အအုံ များ တည်ဆောက်ရန် ဆောက်လုပ်ရေး ပစ္စည်းနှင့် မော်တော်ယာဉ်များ တင်သွင်း ရာတွင် အကောက်ခွန်နှင့် အခြားအခွန်  အခများ ကင်းလွတ်မည်ဖြစ်ပြီး အခြား  အခွန်ကင်းလွတ်ခွင့်   များစွာကိုလည်း ရရှိမည်ဖြစ်သည်။

တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့်စီးပွားရေးဇုန်

သီလဝါ  အထူးစီးပွားရေးဇုန်သည် ကုန်ထုတ်ဇုန်အတွက်သာမက  စီမံကိန်း များ အောင်မြင်ရန်နှင့် ရေရှည်လုပ်ငန်း ဆောင်တာများ   အောင်မြင်ရန်အတွက် ဒေသခံပြည်သူများနှင့်   အဆင်ပြေမှု ရရှိရန်လည်း ကြိုးပမ်းလျက်ရှိပါသည်။  ဒေသခံများ၏စိုးရိမ်ပူပန်မှုများကို အချိန် နှင့်တစ်ပြေးညီ သိရှိနားလည်ပြီး တုံ့ပြန် ပေးနိုင်ရန်အတွက် သီလဝါအထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီ (TSMC)  နှင့် MJTD   တို့သည်   နိုင်ငံတကာစံချိန်မီ သီလဝါတိုင်ကြားစာ  စီမံခန့်ခွဲမှုလုပ်ထုံး လုပ်နည်း (TCMP) ကို ပူးတွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိခိုက်နစ်နာသူတစ်ဦးချင်းစီနှင့် ရပ်ရွာ လူထုက ဝင်ရောက်ကြည့်ရှုနိုင်ပြီး TSEZ  ၏ လုပ်ငန်းဆောင်တာများနှင့် ပတ်သက် သည့် မေးခွန်းများ  သို့မဟုတ်   စိုးရိမ် ပူပန်မှုများကို    ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရှိရသည်။

ရင်းနှီးမြှုပ်နှံမှုကိန်းဂဏန်းများ

သီလဝါ      အထူးစီးပွားရေးဇုန်၌ လက်ရှိတွင်       ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၇၂ ဘီလီယံ ရှိပြီး နိုင်ငံဒေသပေါင်း ၂၀မှ လာရောက်  လုပ်ငန်းလုပ်ကိုင်လျက်ရှိသည်။  ကဏ္ဍ အလိုက်ရင်းနှီးမြှုပ်နှံမှု အရေအတွက်မှာ  ၁၂၂ ခု ခန့်ရှိကြောင်း ၂၀၂၂ ခုနှစ် ဧပြီလ စာရင်းများအရ  သိရှိရသည်။   ထိုနေရာ များတွင်    စက်ရုံအလုပ်သမားဦးရေ ၁၂၆၀၀၊ ဆောက်လုပ်ရေးအလုပ်သမား ၂၅၀၀၀ ဝန်းကျင်တို့ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိထားကြသည်။ 

ဇုန်အလိုက် ရင်းနှီးမြှုပ်နှံမှုများတွင်  စက်မှုဇုန်ဧရိယာအတွင်းရှိ     လုပ်ငန်း မြှင့်တင်ရေးဇုန်၌ လုပ်ငန်း ၇၂ ခု၊ ရင်းနှီး မြှုပ်နှံမှုပမာဏ    ကန်ဒေါ်လာ   ၁၆၂၉ ဒသမ  ၉၆၉  သန်း၊   ကင်းလွတ်ဇုန်၌ လုပ်ငန်း  ၄၆  ခု  ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၄၉၆ ဒသမ ၈၃၃ သန်း ရှိခဲ့ပြီး  ဆောင်ရွက်ဆဲလုပ်ငန်း  ၁၁၆  ခု ခန့်ရှိပြီး         ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၂၁၁၂ ဒသမ ၉၀၂  သန်း ခန့်ရှိကြောင်း  ရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ စာရင်းဇယားများအရ သိရှိရသည်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှ  ရင်းနှီးမြှုပ်နှံသူများကို   ဖိတ်ခေါ်လျက် ရှိပြီး အသေးစိတ်အချက်အလက်များကို မြန်မာသီလဝါ    အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အခန်းအမှတ် ၁၀၀  မြေညီထပ် စီမံရေးရာဌာန ဒဂုံ-သီလဝါ လမ်း  ကျောက်တန်းမြို့နယ်   ရန်ကုန် တိုင်းဒေသကြီးသို့လည်းကောင်း၊ ဖုန်း နံပါတ် +95 (1) 230 9081၊ +95(1)2309084 သို့လည်းကောင်း၊  www.thilawasez.gov.mm,  www.myanmarthilawa.gov.mm တို့ကိုလည်းကောင်း ဆက်သွယ် စုံစမ်း၍ မေးမြန်းနိုင်ပြီဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။        ။