နေပြည်တော် ၂၉ ဇန်နဝါရီ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ယနေ့ ညနေ ၄ နာရီခွဲတွင် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း (Japan – Myanmar Association) ဥက္ကဋ္ဌ Mr. Hideo Watanabe နှင့် အဖွဲ့အား နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကဏ္ဍများတွင် ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံရေးနှင့် စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(သတင်းစဉ်)