နေပြည်တော် ၁၁ ဖေဖော်ဝါရီ 

ဝန်ထမ်းများ အချင်းချင်းစည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် အသင်းအဖွဲ့စိတ်ဓာတ် ပိုမိုရရှိစေရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဒုတိယအကြိမ် ထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းမိသားစုများ ပါဝင်သည့် ပြိုင်ပွဲဝင်အဖွဲ့ (၃) ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ 

 

0002

 

အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက တက်ရောက်အားပေးစကားပြောကြားကာ ပြိုင်ပွဲတွင် အနိုင်ရရှိသော အဖွဲ့များကို ဆုများချီးမြှင့်သည်။

သတင်းစဉ်
 

9988