၁၆ မေ
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ကားအရောင်းပြခန်း အဆောက်အအုံခေါင်မိုး ပြိုကျရာ ဆောက်လုပ်ရေးလုပ်သား ၉ ဦး ပိတ်မိနေကြောင်း၊ လုပ်သား ၁၁ ဦးကိုတော့ ကယ်ဆယ်နိုင်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အခုပြိုကျတဲ့အဆောက်အအုံဟာ ပြန်လည် ပြင်ဆင်နေတာလို့ သိရပါတယ်။


အဲဒီကားအရောင်းပြခန်းဟာ Mercedes-Benz ကားပြခန်းအဖြစ်အသုံးပြုခဲ့ဖူးကြောင်း မီးသတ်ဌာနက ပြောပါတယ်။ ကားအရောင်းပြခန်း အနီးရှိ မျက်မြင်သက်သေ တစ်ဦးက ငလျင်လှုပ်သလိုမျိုး လှုပ်သွားပြီး အသံအကျယ်ကြီး ကြားရတဲ့အတွက် ပေါက်ကွဲမှုလို့တောင် ပထမ ထင်ကြောင်း သတင်းဌာနတွေကို ပြောပါတယ်။ မီးသတ်ဌာနကတော့ ဒဏ်ရာရသူ သို့မဟုတ် အသေအပျောက်စာရင်းကို ထုတ်ပြန်ခြင်းမရှိဘဲ အဆောက်အအုံပြိုကျရာ တဝိုက်ကို တားမြစ်ထားကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP
