ရှန်ဟိုင်း ဇွန် ၁၂
ရှန်ဟိုင်းတွင် ပြည်ပမှပြန်လာသူများထဲမှ ငါးဦးတွင် ကိုဗစ်-၁၉ တွေ့ရှိခဲ့ပြီး ပြည်တွင်း၌မူ ကူးစက်မှု မတွေ့ရှိရကြောင်း မြူနီစီပယ်ကျန်းမာရေးကော်မရှင်က ဇွန် ၁၂ ရက်တွင် ပြောကြားသည်။ ဇွန် ၂ ရက်တွင် ပါကစ္စတန်မှ ထွက်ခွာလာသူ ငါးဦးတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကိုသီးခြားထားစဉ် ရောဂါလက္ခဏာများတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှင့်ထိတွေ့ခဲ့သူ ၅၅ ဦးရှိပြီး ယင်းတို့ကိုလည်း သီးခြားစောင့်ကြည့်ထားကြောင်း သိရသည်။ ဇွန် ၁၁ ရက် အထိ ရှန်ဟိုင်းတွင် ပြည်ပမှဝင်ရောက်လာသည့် ကိုဗစ် -၁၉ ကူးစက်ခံရသူ ပေါင်း ၃၄၈ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။ ၎င်းတို့ထဲမှ ၁၆ ဦးသာ ဆေးရုံတွင် ဆက်လက်ကုသမှုခံယူနေပြီး ကျန်လူများမှာဆေးရုံမှ ဆင်းသွားကြပြီ ဖြစ်ကြောင်း ကျန်းမာရေးကော်မရှင်က ပြောသည်။ ဇွန် ၁၁ ရက်အထိ ဒေသတွင်းကူးစက်ခံရမှု ၃၄၁ ဦးတွင် ၃၃၄ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ